တ​ရား​ဟော 8:6-8 Judson Bible (BJB)

6. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းသို့လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကိုစောင့်ရှောက်ရမည်။

7. အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

8. ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

တ​ရား​ဟော 8