တ​ရား​ဟော 6:5-9 Judson Bible (BJB)

5. သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။

6. ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။

7. ထိုစကားကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။

8. ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။

9. အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။

တ​ရား​ဟော 6