တ​ရား​ဟော 34:2-7 Judson Bible (BJB)

2. နဿလိပြည်တရှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊

3. တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။

4. ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။

5. ထို့သို့ထာ၀ရဘုရား မိန့်ေတာ်မူသည်အတိုင်း၊ ထာ၀ရဘုရား၏ကျွန်ေမာရှေသည် ေမာဘပြည်၊ ထိုအရပ်၌အနိစ္စ ေရာက်၍၊

6. ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခုသောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏သင်္ချၖိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။

7. မောရှေသည်အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အားလည်း မလျော့သေး။

တ​ရား​ဟော 34