1. သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသောအရာတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊
2. သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သားသမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊
3. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တဖန်ပြန်လာ၍၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။