တ​ရား​ဟော 3:14-18 Judson Bible (BJB)

14. မနာရှေအမျိုးသားယာဣရသည်၊ အာဂေါဘတိုင်းတတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။

15. ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။

16. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင်မြေတရှောက်လုံးကို၎င်း၊

17. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက်အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်းငါပေး၏။

18. ထိုအခါငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။

တ​ရား​ဟော 3