1. တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကိုမှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။
2. သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ ရောက်သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
3. ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
4. ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသောကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။
5. ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဘို့၊