9. ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။
10. ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။
11. ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ခေါ်ကြ၏။