တ​ရား​ဟော 19:1-4 Judson Bible (BJB)

1. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊

2. သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။

3. လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။

4. လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊

တ​ရား​ဟော 19