1. သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား၏သားဖြစ်ကြ၏။ သေသောသူအတွက် အသားကိုမခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကိုမရိတ်ရ။
2. သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရားသည် မြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
3. စက်ဆုပ်ရွံ့ရှာဘွယ်သောအရာကို သင်တို့မစားရ။