12. ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသောလေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကိုပြုရကြမည်။
13. တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။
14. သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ မီးရှို့ရာယဇ်ကိုပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
15. သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရ သောအခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။
16. သို့ရာတွင်အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။