5. ငါသည်လည်းလှည့်၍ တောင်ပေါ်ကဆင်းသ ဖြင့်၊ လုပ်ပြီးသောသေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
6. ငါသည်တောင်ပေါ်မှာအရင်နေသောကာလနှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကိုမဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကိုနားထောင်တော်မူ၏။
7. ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည်သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာခရီးသွားလော့ဟု ငါ့အားမိန့်တော်မူ၏။
8. ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
9. ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည်အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရ၏။