9. မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
10. ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်းချကြ၏။
11. ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချကြ၏။
12. သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌စားခန်းချကြ၏။
13. ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌စားခန်းချကြ၏။
14. အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
15. ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌စားခန်းချကြ၏။
16. သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌စားခန်းချကြ၏။