40. မောရှေသည်ဂိလဒ်မြို့ကို မနာရှေ၏သားမာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။
41. မနာရှေအမျိုးသား ယာဣရသည်လည်းသွား၍ ဂိလဒ်ရွာများကိုသိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရအမည်ဖြင့် သမုတ်လေ၏။
42. နောဗာသည်လည်းသွား၍ ကေနတ်မြို့ရွာတို့ကိုသိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ်လေ၏။