တော​လည် 32:32-39 Judson Bible (BJB)

32. ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည်အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်ဟု ပြန်လျှောက်ကြ၏။

33. ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သားမနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတဝက်၌ အပ်ပေးလေ၏။

34. ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊

35. အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊

36. ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများကို၎င်း တည်လုပ်ကြ၏။

37. ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊

38. နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သောအမည်ဖြင့်သမုတ်၍ တည်ကြ၏။

39. မနာရှေမှဆင်းသက်သော မာခိရအမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်မြို့သားအာမောရိလူတို့ကို နှင်ထုတ်ကြ၏။

တော​လည် 32