တော​လည် 31:36-52 Judson Bible (BJB)

36. စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက်အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊

37. ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက်ရာခုနစ်ဆယ်ငါးကောင်တည်း။

38. နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသောအခွန်ကား၊ နွားခုနစ်ဆယ်နှစ်ကောင်တည်း။

39. မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရဘုရားခံရသောအခွန်ကား၊ မြည်းခြောက်ဆယ်တကောင်တည်း။

40. လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသောအခွန်ကား၊ လူသုံးဆယ်နှစ်ယောက်တည်း။

41. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာပူဇော်သက္ကာပြုဘို့ရာအခွန်ကို ယဇ်ပုရောဟိတ်ဧလာဇာအား အပ်ပေးလေ၏။

42. တဖန်စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊

43. ပရိသတ်တို့ခံရသောထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊

44. နွားသုံးသောင်းခြောက်ထောင်၊

45. မြည်းသုံးသောင်းငါးရာ၊

46. လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍

47. ဣသရေလအမျိုးသားခံရသောထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင်တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။

48. လူတရာ၊ တထောင်ကိုအုပ်သောတပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ချဉ်းကပ်၍၊

49. ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကိုစာရင်းယူပြန်၍၊ လူတယောက်မျှမလျော့ပါ။

50. ထိုကြောင့်ထာဝရဘုရားရှေ့တော်၌ အသက်အဘိုးကိုဖြေဘို့ရာ လူအသီးအသီးရသောရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက်ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊

51. မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။

52. ထိုသို့စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့သိမ်းယူ၍၊

တော​လည် 31