တော​လည် 3:41-51 Judson Bible (BJB)

41. ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊

42. မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကိုရေတွက်၍၊

43. အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာခုနစ်ဆယ်သုံးယောက် ရှိသတည်း။

44. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

45. ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်းယူလော့။ လေဝိသားတို့သည် ငါ၏လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

46. လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုးသားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှုမှာ၊

47. အကျပ်တော်အလိုက် လူတကိုယ်လျှင်ငါးကျပ်စီခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

48. ပိုသောသူတို့ပေးရသောအရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊

49. လေဝိသားတို့နှင့် ဣသရေလအမျိုးသားဦးတို့ကိုရွေး၍ ပိုသေးသော သားဦးတို့၏အရွေးငွေကို၊

50. မောရှေသည်အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူပြီးလျှင်၊

51. ထာဝရဘုရားမှာထားတော်မူသောစကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အားပေးလေ၏။

တော​လည် 3