တော​လည် 28:5-16 Judson Bible (BJB)

5. သံလွင်သီးကိုထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။

6. ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။

7. သိုးသငယ်တကောင်နှင့်အတူသွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကိုပူဇော်၍၊ သန့်ရှင်းရာဌာန၌သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။

8. အခြားသောသိုးသငယ်ကို ညဦးယံ၌ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့်ပြည့်စုံ၍ မီးဖြင့်ပူဇော်သောယဇ်ကို ပြုရမည်။

11. လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

12. နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက်နှစ်ဩမဲ၊

13. သိုးသငယ်တကောင်အဘို့၊ ဆီရောသောမုန့်ညက်တဩမဲစီ တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။

14. သွန်းလောင်းရာပူဇော်သက္ကာဘို့ကား၊ နွားတကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင်နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃကို ပူဇော်ရမည်။ ထိုသို့ လတိုင်းအစဉ်မပြတ် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။

15. နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

16. ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။

တော​လည် 28