တော​လည် 28:27-31 Judson Bible (BJB)

27. ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

28. နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

29. သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင်တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

30. အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။

31. ထိုသို့အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်တကွ၊ အပြစ်မပါသောယဇ်ကောင်များတို့ကိုထပ်၍ ပူဇော်ရမည်။

တော​လည် 28