တော​လည် 25:6-9 Judson Bible (BJB)

6. ထိုအခါ ဣသရေလအမျိုးသားတယောက်သည်၊ မောရှေရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။

7. ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊

8. ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကိုဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။

9. ထိုဘေးဖြင့်သေသောလူပေါင်းကား၊ နှစ်သောင်းလေးထောင်ရှိသတည်း။

တော​လည် 25