တော​လည် 24:1-5 Judson Bible (BJB)

1. ထာဝရဘုရားသည်၊ ဣသရေလအမျိုးကိုကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိမြင်လျှင်၊ ထူးဆန်းသောအတတ်ကိုရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့မျက်နှာပြုလေ၏။

2. သို့ရာတွင်၊ မြော်ကြည့်၍ ဣသရေလအမျိုးသားတို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက်နေကြသည်ကိုမြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်တော်မူလျှင်၊

3. သူသည် ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊

4. ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏စကားဟူမူကား၊

5. အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက်တင့်တယ်ကြသည်တကား။

တော​လည် 24