36. ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်းကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန်အာနုန်ချောင်းနားမှာရှိသော မြို့တမြို့သို့ထွက်သွား၏။
37. ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့်နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊
38. ဗာလမ်က၊ မင်းကြီးထံသို့ငါလာပါပြီ။ သို့ရာတွင် ငါသည်စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသောစကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊