တော​လည် 2:7-17 Judson Bible (BJB)

7. ထိုနောက်၊ ဇာဗုလုန်တပ်ချ၍ ဟေလုန်သားဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

8. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။

9. ယုဒတပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ချီရကြမည်။

10. တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထူ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

11. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာရှိသတည်း။

12. ရုဗင်တပ်အနားမှာရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

13. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းကိုးထောင် သုံးရာရှိသတည်း။

14. ထိုနောက်ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

15. သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးထောင် ခြောက်ရာငါးဆယ်ရှိသတည်း။

16. ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။

17. ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။

တော​လည် 2