2. ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှု ပြု၍နေရာချရမည်။
3. နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။
4. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာရှိသတည်း။
5. ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
6. သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။