တော​လည် 17:2-4 Judson Bible (BJB)

2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာရေးထားလော့။

3. လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကိုရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။

4. ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာတင်ထားလော့။

တော​လည် 17