တော​လည် 10:33-35 Judson Bible (BJB)

33. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။

34. သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာရှိလေ၏။

35. သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသောဟူ၍၎င်း၊

တော​လည် 10