တမန်တော်ဝတ္ထု 15:13-18 Judson Bible (BJB)

13. ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။

14. ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။

15. ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏ စကားနှင့် ညီ၏။

16. ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။

17. လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။

18. ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကိုသိတော်မူသည်။

တမန်တော်ဝတ္ထု 15