တမန်တော်ဝတ္ထု 14:7-10 Judson Bible (BJB)

7. ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။

8. အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊

9. ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင်၊

10. ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူ သည် ရုတ်တရက်ထ၍ လှမ်းသွားလေ၏။

တမန်တော်ဝတ္ထု 14