1. ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့သည် တုန်လှုပ်ခြင်းရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
2. ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ်တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်းရှိတော်မူ၏။
3. ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။