ဆာ​လံ 98:2-6 Judson Bible (BJB)

2. ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။

3. ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။

4. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။

5. စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။

6. တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။

ဆာ​လံ 98