ဆာ​လံ 92:5-9 Judson Bible (BJB)

5. အို ထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန် နက်လှပါ၏။

6. တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊

7. မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။

8. ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူ သော ထာဝရဘုရား ဖြစ်တော်မူ၏။

9. အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။

ဆာ​လံ 92