9. အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
10. အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန်လွန် ၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
11. အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။
12. အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ။
13. အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ် မျှလောက်ကြာရပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ။