3. မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းကလမ်းလွှဲ၍ မုသာစကားကို ပြောတတ်ကြ၏။
4. သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊
5. လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
6. အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများ ကို ချိုးတော်မူပါ။