9. အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ။
10. မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11. အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏။
12. ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။
13. ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။
14. အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။