ဆာ​လံ 51:5-8 Judson Bible (BJB)

5. အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏။

6. ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။

7. အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ။

8. စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည်။

ဆာ​လံ 51