ဆာ​လံ 42:6-9 Judson Bible (BJB)

6. အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ် ကမ်း၊ ဟေရမုန်တော်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။

7. ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။

8. သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏။ ညဉ့်အခါ ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက် သခင်ကို ပဌနာပြုလျက် ငါနေ၏။

9. အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ၏။

ဆာ​လံ 42