3. ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။
4. ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သူတို့ပြု လျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည်။
5. ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင်စီရင်တော် မူမည်။
6. သင်၏ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့၎င်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့၎င်း၊ ဘော်ပြတော်မူမည်။