ဆာ​လံ 150:4-6 Judson Bible (BJB)

4. ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာကို မှုတ်လျက်ချီးမွမ်းကြလော့။

5. အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြလော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။

6. အသက်ရှိသော သူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။

ဆာ​လံ 150