ဆာ​လံ 147:1-6 Judson Bible (BJB)

1. ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။

2. ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။

3. စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။

4. ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။

5. ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဥာဏ်တော်သည်အနန္တဖြစ်၏။

6. ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။

ဆာ​လံ 147