1. အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
2. ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
3. သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။