8. ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်။
9. လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။
10. အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
11. ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။