42. ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။
43. စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။
44. ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။
45. ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။