ဆာ​လံ 119:18-22 Judson Bible (BJB)

18. တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။

19. အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။

20. စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။

21. မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။

22. အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။

ဆာ​လံ 119