166. အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။
167. သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။
168. ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
169. အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ။