1. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
2. ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ။
3. ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွယ် ဝန်ခံစေ။
4. ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ။
5. ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။