ဆာ​လံ 114:1-3 Judson Bible (BJB)

1. ဣသရေလအမျိုး၊ ယာကုပ်အနွယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊

2. ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။

3. ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။

ဆာ​လံ 114