ဆာ​လံ 107:1-9 Judson Bible (BJB)

1. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

2-3. ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ။

4. သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ်၌ လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။

5. ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။

6. ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ၏။

7. သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။

8. လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။

9. အကြောင်းမူကား၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်း သောအရာနှင့် ဝစေသော်မူ၏။

ဆာ​လံ 107