16. ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။
17. ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။
18. ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။
19. သို့ဖြစ်၍ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော အမျိုးအနွယ်မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ၏ လက်၌ထားတော်မူ၏။