ကမ္ဘာ​ဦး 8:3-9 Judson Bible (BJB)

3. ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တရာငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။

4. သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။

5. ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။

6. ထိုမှအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍၊ ကျီးအတကောင်ကို လွှတ်လေ၏။

7. ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။

8. တဖန်မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကိုသိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။

9. မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။

ကမ္ဘာ​ဦး 8