ကမ္ဘာ​ဦး 8:1-5 Judson Bible (BJB)

1. ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင်သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍၊ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။

2. နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။

3. ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တရာငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။

4. သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။

5. ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။

15-16. ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

ကမ္ဘာ​ဦး 8