ကမ္ဘာ​ဦး 5:24-28 Judson Bible (BJB)

24. ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

25. မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သား လာမက်ကို မြင်လေ၏။

26. လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

27. မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

28. လာမက်သည် အသက်တရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကို မြင်၍၊

ကမ္ဘာ​ဦး 5